ပဲခူး ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် စာရင်းအင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် စာရင်းအင်းနည်းဥပဒေများကို ရေးဆွဲ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေနှင့် နည်းဥပဒေများ သက်ဝင်လာစေရေး အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်းစေရေး စာရင်းအင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ရာတွင် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ပြီး ဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန်လိုအပ်ကြောင်း၊ ဗဟိုစာရင်း အင်းအဖွဲ့သည် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မြန်မာနိုင်ငံ၏ တရားဝင် စာရင်းအင်းများ ပြုစုတွက်ချက်ထုတ်ပြန်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံစည်းမျဉ်းများကို လိုက်နာ ပြီးထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်အသုံးပြုနိုင်ခြင်းအား ဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်းအချက်အလက်များ ပံ့ပို့ပေးနေရ သည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ စာရင်းအင်းဥပဒေ၊ နည်းဥပဒေ တို့နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိလိုသည်များဆွေးနွေး မေးမြန်းကြ ကြောင်း သိရသည်။
အဆိုပါ စာရင်းအင်းဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ ဗဟိုကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ စာရင်းအင်းဆိုင်ရာ အကြီးအမှူး၏ လုပ်ငန်းတာဝန်များ၊ ကဏ္ဍအလိုက် စာရင်းအင်းများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်များ ကောက်ယူစုဆောင်းခြင်း၊ မေးခွန်း ဖြေကြားသူ၏ တာဝန်နှင့် အခွင့်အရေး၊ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အထွေထွေ စသည့်အခန်း(၁၂)ခန်းပါရှိပြီး နည်းဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ အခြေခံစည်းမျဉ်းများ၊ ဗဟိုစာရင်းအင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စာရင်းအင်းဆိုင်ရာအကြီးအမှူး၏ လုပ်ငန်းတာဝန်များ၊ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝရေးလုပ်ငန်းများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်များ ကောက်ယူစုဆောင်းခြင်းလုပ်ငန်းစဉ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း နှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူခြင်း၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ခြင်း၊ တရားဝင်စာရင်းအင်းများ အားပေးမြှင့်တင်ခြင်း၊ အထွေထွေစသည့်အခန်း(၁၁)ခန်းပါဝင်ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)