လှိုင်းဘွဲ-ပိုင်ကျုံလမ်း ဘေးဝဲယာရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ လှိုင်ဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့ကို ဆက်သွယ်ပေးထားသည့် ကားလမ်းပေါ်ရှိ ကမော့ကချူး ကျေးရွာတွင် လမ်းဘေးဝဲယာ တစ်ဖက်စီအား ရေမြောင်းတူးဖော်ပေးခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ကားလမ်းဘေး ဝဲယာတစ်ဖက်စီအား ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြင်ထိန်းရန်ပုံငွေ (၅.၄၄)ကျပ်သန်းဖြင့် အရှည် ၂ ကီလိုမီတာ ( ၁၀)ဖာလုံ၊ ရေမြောင်းအကျယ် ၃ ပေ၊ အနက် ၄ ပေရှိ ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပုခုံးမြေဖို့ခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူ တစ်ဦးက ယခုလို လမ်းဘေးတစ်ဖက်စီအား ရေမြောင်းတူးဖော်ပေးတာ ကောင်းကြောင်း၊ နှစ်စဉ်မိုးရာသီ၌မိုးများစွာ ရွာသွန်းလျှင် ယခုလမ်းသည် မော်တော်ယာဉ်ငယ်များနှင့် မော်တော်ဆိုင်ကယ်များ သွားလာရခက်ခဲမှု ရှိတတ်ကြောင်း ရှင်းပြပေးခဲ့သည်။

လင်းသန့်