တောင်တွင်းကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တောင်တွင်းကြီး   ဖေဖော်ဝါရီ    ၁၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် (ချောင်းနက်)တွင် မကွေးတိုင်း ဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT ဖြင့်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်နေမှုတို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း၊ မြို့နယ်(ပြန်/ဆက်)