ဝါးခယ်မမြို့နယ်တွင် (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နှမ်းမနဲပွဲတော်ကျင်းပ

ဝါးခယ်မ ဖေဖေါ်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကပ်ရောဂါအပေါင်းမှ ကင်းဝေး၍ အန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးရပ်ကွက်ရှိ စျေးဦးကျောင်းတိုက်တွင် တပို့တွဲလဆန်း ၁၃ ရက်နေ့မှ တပိုတွဲလပြည့်နေ့အထိ အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူ ဇော်ပွဲနှင့် နှမ်းမနဲပွဲတော်ကို ၃ ရက်တိတိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နှမ်းမနဲပွဲတော် ကျင်းပပူဇော်ခြင်းမှာ (၃၈)ကြိမ်မြောက် ရှိပြီဖြစ်ပြီး ၁၃ ရက်နေ့ နေ့လည် ၁ နာရီမှ ၁၅ ရက်နေ့ မနက် ၁၀ နာရီအချိန်အထိ ဆရာတော်အပါး ၅၀ က ရွတ်ဖတ်ပူဇော်၍ နှမ်းမနဲဒယ်ပေါင်း ၅၀ ကျော်ထိုးပြီး ဘုန်းတော်ကြီးကျောင်းများနှင့် အလှူရှင်များအား ကျွေးမွေးလှူဒါန်းနေကြောင်း သိရသည်။

ရီရီလွင်