ချောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ချောက် ဖေ​ဖော်ဝါရီ ၁၄

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး (၆)လပြည့်သည့်ဝန်ထမ်းများအား မြို့နယ်ပြည်သူ့​ဆေးရုံ ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က  ကိုဗစ်-၁၉ ကာကွယ်​ဆေး  Booster Dose ထပ်ဆောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။                                     

ကာကွယ်ဆေးကိုယ​နေ့၌ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့မှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအား ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ (၃၂)ဦး၊ မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့မှ (၂၃)ဦးလာရောက်ထိုးနှံလျက်ရှိကြောင်း၊ ယခု ထိုးနှံ ပေးသည့် ကာကွယ်​ဆေးအမည်မှာ Sputnik  ကိုဗစ် ရောဂါကာကွယ်ဆေး ဖြစ်ကြောင်းသိရသည်။                           

Booster Dose ထပ်​ဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီးကာ ကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက် ပေးလျက် ရှိသည်။

Booster Dose ထပ်ဆောင်းထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီး (၆)လပြည့်ပြီးသူများအား ထပ်ဆောင်းထိုးနှံ ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကိုလည်း နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)