ကံမမြို့ အမှတ်(၁)ရပ်ကွက် ကျောက်မှော်ဦးလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

ကံမ ဖေဖော်ဝါရီ ၁၄

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်()ရပ်ကွက်ရှိ ကျောက်မှော်ဦး လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့်    ကွန်ကရစ်လမ်းမှာ   အရှည် ၃၀၀ ပေ   အနံ  ၁၂ ပေ၊  ထု လက်မအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ကျပ်(၇၀)သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း   ကံမမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)