လားရှိုးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။