စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ‌ဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ်ကျောင်း၊ ပရဟိတပညာရေး အကယ်ဒမီကျောင်း၌ ကျင်းပပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ဆောင်းငရုတ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းစိုက်ပျိုးရာသီး၌ စားဖိုဆောင်သီးနှံ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုများအောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်ရရှိလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ ဧက (၁၀၂၉)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ ဧက(၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှည်းကူးမြို့နယ်တွင် တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ/ပြိုင်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှု၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ တိုင်းရင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ/ပြိုင်ပွဲ အခမ်းအနားကို ၂၄-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် ဒေါင်းမြီးကွက်ကျေးရွာ၌ ကျင်းပသည်။

ကလေးဝမြို့တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဦးကျော်မင်းခိုင်မှ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆ လမ်း၊ ၁၄၂(အေ)လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု (၃၇၀)စု တို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်အလိုက် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ တာဝန်ရှိသူများက မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိသည်။
Subscribe to