ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှု ပြည်သူများလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာမှုကို နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုမှု ပထမအကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။