ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်( တောင်ပိုင်း )တာဝန်ခံ ဦးခင်မောင်ဦး သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံးခန်းမ၌ MEVM စက်များ ထိန်းသိမ်းထားရှိမှု နှင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM စက်များ စမ်းသပ်စစ်ဆေးနေမှုများအား နိုဝင်ဘာ  ၂၄ ရက် က ကြည့်ရှု စစ်ဆေးသည်။

အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်ကို နိုဝင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ရှမ်းပြည်နယ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့်အခြားလိုအပ်သည်များ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆို

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ပါမောက္ခချုပ်(တာဝန်)နှင့်ဒုတိယပါမောက္ခချုပ်၊ ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၄ ရက် နံနက်(၈)နာရီခွဲက D1,D2 စာသင်ခန်းများတွင် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် လူငယ်စင်တာတွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် လူငယ်စင်တာတွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ် ဘားအံ နိုဝင်ဘာ ၂၄ ခရိုင်(ပြန်/ဆက်)

တောင်ငူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

တောင်ငူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ တောင်ငူ နိုဝင်ဘာ ၂၄ ခရိုင်(ပြန်/ဆက်)
Subscribe to