လဲချားမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် ဒုတိယခရိုင်အုပ်ရေးမှူးမှ လာရောက်တွေ့ဆုံ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ညနေ (၅) နာရီကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် ကြိုတင်မဲကိစ္စလုပ်ငန်းများနှင့်ပတ်သက်၍ လွိုင်လင်ခရိုင် ဒုတိယခရိုင်အုပ်ရေးမှူးမှ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။