ကော့မှူးတွင် စာဖတ်ရှိန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်အတွင်း ဒုတိယအကြိမ် မဲစာရင်းများကပ်ထားမှုအား မြို့နယ်နှင့်ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲစာရင်းများကပ်ထားသည့် ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက် ၉ နာရီက စတင်၍ မြို့ပေါ် (၈) ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မဲကြေညာဘုတ်များ ကပ်ထားမှုများအား လိုက်လံကြည့်ရှုကြသည်။

ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

“အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

‌ကျောက်မဲမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုအပေါ် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်ဆွေဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၅ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။

မြန်အောင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်မြို့ ‌(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိစေမည့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့ ‌(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးသက်သာစေရေးထည့်သွင်းဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲသူများအနေဖြင့် စနစ်တကျစီမံခန့်ခွဲတတ်ပြီး မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းခွင်အတွင်း ဖွံ့ဖြိုးတိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်နိုင်ရန် ရည်ရွယ်၍  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to