ရွှေတောင် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ၆ ရွှေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက် (၁၀း၀၀) နာရီအချိန်က အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်မှ အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင်ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှု ဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ် နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်က ပြန်လည်ဖြေကြားပေးခဲ့သည်။ ရှင်းလင်းဆွေးနွေးပွဲသိူ့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အခွန်ထမ်းလုပ်ငန်းရှင် (၅၈) ဦးခန့် တက်ရောက် ခဲ့ကြပြီး ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်း စာစောင်နှင့်လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှု ဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း