ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး Pfizer JN1 (Grey Cap) ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 (Grey Cap) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ ဟိန္ဒူဆိုရှယ်ကလပ်ခန်းမနှင့် အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်ဈေးတာဝန်ခံရုံးတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။