ရပ်စောက် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လွယ်ကိုးကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိ/မရှိ တစ်အိမ်တက်ဆင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)