ကရသူရိ ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ခရီးသွားလာမှုရှိစေရေး၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုမရှိစေရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မောင်းနှင်ရေး၊ ယာဉ်များကြံ့ခိုင်မှုရှိ/မရှိ၊ ယာဉ်မောင်းလိုင်စင်၊ ဘီးလူးခွန်းဆိုင်ကယ်ဦးထုပ်၊ ဘက်မှန်စသည့် သတ်မှတ်ချက်များအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း ထို့အပြင် အိုမီခရွန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားလာရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)