အင်္ဂပူ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၂၃)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို အမှတ် (၂)ရပ်ကွက်၊ စံကျောင်းပရိယတ္တိကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က စတင်ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနပေါင်းစုံ စုပေါင်းပြီး ထမနဲထိုးပြိုင်ပွဲကို အခမ်းအနားအစီအစဉ်ဖြင့် ကျင်းပပြီးနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထမနဲထိုးပြိုင်ကို စတင်ယှဉ်ပြိုင်ခဲ့ရာ (၂၄) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု (၁) သိန်း ကျပ်၊ ဒုတိယဆု (၈) သောင်းကျပ်၊ တတိယဆု (၅) သောင်းကျပ်ဖြင့် အသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။
ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြီး ဆုရရှိအသင်း များကို ဆုများ ဆက်လက်ချီးမြှင့်ခဲ့ရာ (ပထမ)ဆု အင်္ဂပူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ဒုတိယ)ဆု မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ (တတိယ) ဆု (၃) ဆုကို သမဦးစီးဌာန + ငါးလုပ်ငန်းဦးစီးဌာန+ပြန်/ဆက်ဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ မဲဇလီကုန်း မြို့ထွေ/အုပ်တို့မှ အသီးသီးရရှိကြပြီး ဆုများကိုမြို့နယ်အုပ်ချုပ် ရေးမှူးနှင့်ဌာနဆိုင်ရာလူကြီးများမှ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)