ရွှေဂွန်းစံပြကျေးရွာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်းနှင့် ရေမြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းစံပြကျေးရွာ၊ ရွှေကြခတ်တန်းလမ်းတွင် လှိုင်းဘွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး၊ငွေရင်းလုပ်ငန်းများ ခေါင်းစဥ်အောက်မှ ၂၀၂၁-၂၀၂၂ ခုနှစ်၊မီနီဘတ်ဂျက်ဖြင့် အုတ်စီရေမြောင်းနှင့် ရေမြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းကိုဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေဂွန်းစံပြကျေးရွာရှိ ရွှေကြခတ်တန်းလမ်းတွင် အရှည် ၇၅၀ပေ၊အကျယ် ၂ ပေ၊အနက် ၃ပေရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၃)သန်း၊ အလျား ၃ပေ၊ အနံ ၂ပေ ၆ လက်မ၊ထု ၃ လက်မရှိ ရေမြောင်းအဖုံးပြု လုပ်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန် ပုံငွေကျပ်(၂၁ ဒဿမ ၇၀၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လမ်းနေပြည်သူများက မိမိတို့ကျေးရွာလမ်းအားယခုလို ရေမြောင်းအဖုံးပါအုတ်စီရေမြောင်းကိုပြုလုပ်ပေးသဖြင့် ပိုမိုသန့်ရှင်းလှပစေရန် မိမိတို့ကဝိုင်းဝန်းဆောင်ရွက်ပေးသွားကြမည်ဖြစ်ကြောင်း ပြောကြားနေသည်ကို ကြားသိခဲ့ရသည်။

လင်းသန့်(ပြန်/ဆက်)