ဆင်ပေါင်ဝဲမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ၊ စာရေးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်း‌ဇော်ဦးက နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို အထူးဂရုစိုက်ကြရန်၊ မိမိဒေသဖွံ့ဖြိုးရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်ကြရန်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ပြေကျေစွာ ပေးဆပ်နိုင်ရေး အထူးထားဆောင်ရွက်ရန်၊ Covishield နှစ်ကြိမ်ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်း များနှင့် အသက်(၆၅) နှစ်နှင့်အထက် ပြည်သူများ Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ ‌မကြာမီ နွေရာသီရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး မျိုးဇော်ဟိန်းက တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များကိုလည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်း‌ရွှေမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)