တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ

တံတားဦး ဖေဖော်ဝါရီ ၁၅

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ တစ်ကြိမ်မှ မထိုးနှံသေးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌ လည်းကောင်း၊  ကျေးရွာအသီးသီးတို့၌ လည်းကောင်း ဆေးထိုးစုရပ်များ ဖွင့်လှစ်ပြီး စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ  ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-

ကျွန်တော့်အမည်က ဦးလှထွန်းဦး ဖြစ်ပါတယ်၊ တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာအုပ်စု၊ အပြင် စံရာရပ်မှာနေထိုင်ပါတယ်၊ အသက်ကတော့ (၅၉)နှစ်ရှိပါပြီ၊ အလုပ်အကိုင်ကတော့ အရောင်းအဝယ် လုပ်ကိုင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးတုန်းက အန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး၊ အစ်ကိုအနေနဲ့ ကာကွယ်ဆေးထိုးတာ ဒါနဲ့ဆို နှစ်ကြိမ်ပြည့်သွားပြီ ဆိုတော့ QR Code ပါဝင်တဲ့  ဆေးထိုးနှံပြီးကြောင်း လက်မှတ်လည်းထုတ်ပေးပါတယ်၊ ကာကွယ်ဆေးအပေါ်ကို လည်း အပြည့်အဝ ယုံကြည်လာတယ်၊ ကာကွယ်ဆေး ထိုးနှံပြီးတဲ့သူ များလေလေပိုပြီး ကာကွယ်နိုင် လေလေဆိုတော့ လာရောက်ထိုးနှံကြဖို့ တိုက်တွန်းချင်တယ်၊ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါကျ တော့ ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ထဲအေးချမ်း လုံခြုံသွားသလို ခံစားရပါတယ်၊ ကိုယ့်ကိုယ်ကို လူအများ ကြားထဲ သွားလာရာမှာလဲ ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့၊ အခုဆိုအိုမီခရွန် ရောဂါကြားနေရ တော့ ပိုပြီးကြောက်လာတယ်၊ ကာကွယ်ဆေးမထိုးရသူတွေလဲ လာရောက်ထိုးနှံကြဖို့ ပြောကြားချင်ပါ တယ်၊ ကာကွယ်ဆေးထိုးဖို့အတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသ တွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်ကိုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဘိုမောင် (ပြန်/ဆက်)