မိုင်းငေါ့ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း ၊ ကဗျာ ရွတ်ဆိုခြင်း နှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက် /ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ မိုင်းငေါ့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ရောင်စုံစက္ကူလေးများဖြင့် “ကြောင်”ရုပ်ကလေးပြုလုပ်နည်းကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်းသိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)