ရမ်းဗြဲ ဖေဖေါ်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက်မှ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အချက်များကို ယနေ့နံနက် ၈ နာရီက ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ လှည်လည်ပြီး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ခဲ့ကြပါသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကူးစက်မှုပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် မိမိတို့၏ မြို့ရွာအတွင်းတွင်လည်း ကြိုတင်တားဆီး ကာကွယ်နိုင်ရေးကို သတိပြုကြရမည်ဖြစ်ပြီး အလွန်ပင်စိုးရိမ်ကြောက်စရာမလိုဘဲ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် စည်းကမ်းများကိုလိုက်နာ ဆောင်ရွက်ပါက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီနိုင်မည်ဖြစ်ကြောင်း သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် လူစုလူဝေးများကို ရှောင်ပါ၊ မလိုအပ်ဘဲ ပြင်သို့ထွက်ခွာသွားလာခြင်း မပြုကြရန်၊ ပြင်ပသို့သွားရောက်မည်ဆိုပါက Maskကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် တစ်ဦးကိုတစ်ဦးသတိပေးခြင်း အသိပေးခြင်းများနှင့်အတူ ဖျားနာခြင်း ချောင်းဆိုးခြင်းအသက်ရှူရခက်ခဲခြင်းများဖြစ်ပေါ်ပြီး ကိုဗစ်ရောဂါ လက္ခဏာဟု သံသယဖြစ်ပါ ကျန်းမာရေးဌာနသို့ချက်ချင်းသွားရောက်ပြီးစစ်ဆေး၍ ကုသမှုခံယူကြရန်တို့ကို Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)