သန်လျင် ဖေဖော်ဝါရီ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ် ကုသနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးခြင်းနှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း စနစ်တကျစွန့်ပစ်ရေး၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ ရောဂါဖြစ်ပွားလာပါက အချိန်မီသတင်းပို့၍ ဆေးဝါးကုသမှုခံယူရေး ဆောင်ရွက် ကြရန် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သန်လျင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် နေ့စဉ်နံနက်၉နာရီမှ စတင်၍ ကိုဗစ်ကာကွယ်ရေးဆေးများကို လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကကာကွယ်ဆေးများကို ပြည်သူများသို့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)