လိပ်သိုဒေသထွက်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံများ အဆင်ပြေလျက်ရှိ

လိပ်သို    ဖေဖော်ဝါရီ    ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံ တောင်သူများက လိပ်သိုမြို့ပေါ်တွင်  လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကွမ်းကြမ်းများကို ကွမ်းရောင်းဝယ်သူများက အချိန်တစ်ဆယ်လျှင်  ကျပ် (၁၆၀၀၀/-) မှ  (၁၈၀၀၀/-) အထိ လာရောက်ဝယ်ယူကြပြီး လိပ်သိုမြို့မှတစ်ဆင့် တောင်ငူ-ရေတာရှည်၊ အုတ်တွင်း-ထန်းတပင်မြို့နယ်များသို့   ဆက်လက်ဖြန့်ချီ  ရောင်းချလျက်ရှိကြောင်း  သိရသည်။  လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ မိုင်းလွန်၊ လာမယ်ဖိုလီစသည့် တောင်ပေါ်ဒေသကျေးရွာများမှ တောင်ပေါ်ဒေသထွက် ကွမ်းကြမ်းများအား ပိဿာချိန်အလိုက် ရောင်းချခြင်းရှိသလို လက်လီအဖြစ်လည်းရောင်းချ၍ ကွမ်းကြမ်းတစ်ထုပ်လျှင် ကျပ် ၅၀၀ခန့် ရောင်းချ လျက်ရှိကြောင်းသိရသည်။ 

မြို့နယ် (ပြန်/ဆက်)