လိပ်သိုဒေသထွက် နနွင်းအခြောက်များ ဈေးကောင်းရရှိ၍  ဒေသခံများ  အဆင်ပြေလျက်ရှိ

လိပ်သို ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည်  တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းကိုသာ  အဓိကထား  လုပ်ကိုင်လျက်ရှိရာ  စီးပွားရေးလုပ်ငန်းအရ  သီးနှံများစွာရှိသည့် အနက်   နနွင်းစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း   တစ်ခုအပါအဝင် ဖြစ်ကြောင်း  သိရသည်။

နနွင်းဟုဆိုရာတွင်  ဟင်းချက်ရာ၌  ဟင်းခတ်အဖြစ်  အသုံးပြုသည့်  နနွင်းဝါနှင့်   ဆေးဘက် ဝင်နနွင်းခါး  ဟူ၍  နှစ်မျိုးရှိပြီး  လိပ်သိုဒေသရှိ  ကျေးရွာများတွင်   မီးဖိုချောင်သုံး  ပစ္စည်းဖြစ် သည့် ဒေသမျိုး နနွင်းများကို   မိသားစုအပိုဝင်ငွေရရှိရန်  စိုက်ပျိုးထားကြပြီး  ယခုအခါ တူးဖော် ရောင်းချလျက်ရှိကြောင်း  သိရသည်။

နနွင်းကိုတူးဖော်ပြီး  ရေဆေးပေးခြင်း၊  နူးအောင်ပြုတ်ခြင်း၊ နေပူလှန်းခြင်းတို့ကို  ဆောင်ရွက် ပြီး ရရှိလာသော  နနွင်းတတ်အခြောက်များကို   အရောင်တက်လာစေရန်     ဇကောများဖြင့်   ခလောက်ပြီး  နေပြန်လှန်းကာ  ရောင်းချလျက်ရှိကြသည်။  လိပ်သိုဒေသထွက် နနွင်းတက် အခြောက်တစ်ပိဿာလျှင် ယခင်နှစ်က ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ ခန့်သာ ရရှိသော်လည်း  ယခုနှစ်တွင်  ကျပ်  ၅၀၀၀ ခန့်အထိ ရရှိ၍ ဒေသခံများ  ဒေသခံများ အဆင်ပြေလျက်ရှိကြောင်း   သိရသည်။

နော်နီလာအေး (လိပ်သို)