လောင်းလုံးမြို့နယ် ဘုရားဝတ်ကျောင်းလမ်းဆုံ၊ နန္ဒာဝန်လမ်းဆုံနှင့် လောင်းလုံးမြို့အထွက်တို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

လောင်းလုံး  ဖေဖော်ဝါရီ   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဘုရားဝတ်ကျောင်းလမ်းဆုံနှင့် နန္ဒာလမ်းဆုံတို့တွင် ယနေ့နံနက် ၈ နာရီခွဲအချိန် က လောင်းလုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး နှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးတွေ့လူများပြားလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင် ရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သဇင်(လောင်းလုံး)