နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် ကွင်းဆင်းဆောင်ရွက်

                                             နောင်ချို    ဖေဖော်ဝါရီ  ၁၆                                                   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က နောင်ချိုမြို့ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)သို့   အသိပညာပေးဟောပြောပွဲနှင့်   စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန်းသန်းထွေးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး စာကြည့်တိုက်လက် ထောက်-၃ ဒေါ်အိအိစိုးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတ ရရှိစေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတရရှိလာစေရန်၊ စိတ်အပန်းဖြေ ပျော်ရွှင် စေရန်နှင့် ပုံပြင်ကို နားထောင်ခြင်းအားဖြင့် သူတစ်ပါးအပေါ် အခက်အခဲတွေ့အောင် လုပ်ခဲ့လျှင် တစ်ချိန်တွင် မိမိကိုယ်တိုင် အခက်အခဲ ကြုံတွေ့ရတတ်ကြောင်း “မြေခွေးနှင့်ငှက်ကျား” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်