ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်း မှစတင်ကာ ရေဆင်းကျေးရွာအုပ်စုတွင် တတိယအကြိမ်နှင့် ကျွန်းရောင်းကျေးရွာအုပ်စုတွင် ဒုတိယအကြိမ်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစန်းလွင်က နိုင်ငံတော်မှပန်းခင်းစီမံချက်တွင် ပြည်သူများပိုမိုဆောင် ရွက်လာစေရန်နှင့် ငွေကြေးမတတ်နိုင်သူများအတွက်အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ဓာတ်ပုံဖိုး၊ သွေးစစ်ခများပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ ဥပ​ဒေနှင့်အညီ ကိုင်ဆောင်လက်မှတ်လူတိုင်းရရှိအောင် မိမိဌာနမှ အရှိန်ဟုန်မြှင့်ဆောင်ရွက်နေပြီး ပြည်သူကြားတွင်မှပန်းခင်းဖြစ်အောင် ဆောက်ရွက်နေ ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ အဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်နေမှုအား ဦးစီးအရာရှိက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် ရေဆင်း ကျေးရွာ အုပ်စုမှ ပြည်သူ(၆၅)ဦးနှင့် ကျွန်းရောင်း ကျေးရွာအုပ်စုမှ ပြည်သူ (၆၂) ဦးကို  နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက် ပြီးမြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)