နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်း သည် အကျိုးကျေးဇူးများစွာရှိကြောင်း၊ စာပေဖတ်ရှု ခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုစာဖတ်ဝိုင်း ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေသားသည့် “စာကောင်း ပေကောင်းရဲ့ အရသာ” စာအုပ်ပါ အကြောင်းအရာ များကို စာရေးဆရာ ရဲမွန်ကျော်က “ပန်းပေါင်းစုံပွင့်သော ဉယျာဉ်ကြီးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကို (နေပြည်တော်) က စာကောင်းပေကောင်းရဲ့အရသာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်ဖြစ်သည့် ဦးဇော်မင်းထိုက်နှင့် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)