တာလေ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် နိုင်ငံတကာ၌ မျိုးရိုးဗီဇပြောင်း၍ အိုမီခရွန်ရောဂါ အဖြစ် ကူးစက်ပျန့်နှံ့မှုများ မြင့်တက်လျက်ရှိရာ ပြည်တွင်းတွင်လည်း ရောဂါပိုးကူးစက်ခံရမှုများ တွေ့ရှိလာရခြင်းများကြောင့် ဒေသအတွင်း ရောဂါပိုးကူးစက်လာခြင်းများမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာတိုင်း (Mask) ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် မိနစ်အနည်းငယ်ကြာ မကြာခဏဆေးကြောပေးရန်၊ လူစု လူဝေးရှိသည့် နေရာများသို့သွားလာခြင်းများမှ ရှောင်ကြဉ်ကြရန်၊ တာဝန်ရှိသူများက ကျေးရွာများအထိ ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့် အကြိမ်ရေပြည့်အောင် မပျက်မကွက်ထိုးနှံကြပါရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုများ ပြတ်တောက်စေရေးအတွက် တာဝန်ရှိသူများက ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)