မင်းပြားမြို့မဈေး မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

မင်းပြား ဖေဖေါ်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်များ၌ မီးဘေးလုံခြုံရေး အတွက် မီးသုံးစွဲမှု စနစ်တကျစီစဉ်ဆောင်ရွက် ထားရှိမှုများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် ပူပြင်းခြောက်သွေသောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍  မင်းပြားမြို့မဈေး၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမော်နှင့်ဝန်ထမ်းများ  ၊မြို့မဈေးအကျိုးဆောင်ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မင်းပြားမြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်များ၌မီးသုံးစွဲမှု အားစနစ်တကျရှိမှု၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် လောင်စာသိုလှောင်မှုများ အားစစ်ဆေးခြင်း၊ မီးသတ်ရေကန်၌ရေအပြည့် ဖြည့်ထားခြင်း၊ မီသတ်စက်နှင့် မီးသတ်ရေပိုက်လှိုင်းများအား အရေးပေါ်အသုံးပြုနိုင်ရန်ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရေအိတ်၊ သဲအိတ်၊  မီးသတ်လှေကား၊ မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ် ဆေးဗူးများအား ကြိုတင်ကာကွယ်ထားရှိ ခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူ ခြင်း၊ အမှိုက်ပုံးများအားစနစ်တကျထားရှိမှု စသည့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး ရေးအတွက် အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

သိန်းနုအောင်