ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပေါက်တော  ဖေဖော်ဝါရီ  ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ် ရုံးဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့် ယနေ့နေလယ်ပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်တွင်ပါရှိသော စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက်အဓိပ္ပါယ်၊ အောင်မြင်သော စာကြည့်တိုက် တစ်ခုဖြစ်ရန်အတွက် စာကြည့်တိုက်မှူးကောင်းတစ်ဦး၏ လုပ်ငန်းတာဝန်များ၊ စာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ကာ စာဖတ်သူအတွက် ဝန်ဆောင်မှု အကောင်းဆုံး ဆောင်ရွက်ရမည်တို့ကို အကျယ်တဝင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ စာထောက်-၃ ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်းတို့ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စာဖတ်ခြင်းဖြင့် ဝန်ထမ်းများဗဟုသုတ တိုးပွားလာစေရေး၊ ရုံးလုပ်ငန်းနှင့် စာကြည့်တိုက်လုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)