ရွှေတောင် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့ နယ်ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက အမှတ်စဉ် ၅ /၂၀၂၂ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင်ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်မှူး ဦးမင်းဆွေက အဖွင့်အမှာ စကားပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်း ( ၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ( ၁၆.၂.၂၀၂၂)မှ ( ၂၅.၂.၂၀၂၂) ထိ (၁၀) ရက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မိသားစု အတွက်အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုကို မင်း( ပြန်/ ဆက်)