သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်‌ရေး အတွက် ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သဲကုန်း ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော် မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာယဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဝန်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက် များအား လိုက်နာကြရန်၊  ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူများအားလုံး က ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/‌ဆက်)