ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော် အပါး (၈၀) အတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်သို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းရာတွင် ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်က ဩဝါဒစကားများ မိန့်ကြားတော်မူပြီး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ (၂) ဦးတို့က ဆွမ်းဆန်တော် တစ်တင်းခွဲဝင် ဆန်အိတ် (၆) အိတ် တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)