တနင်္သာရီ ဖေဖော်ဝါရီလ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် Mask Campaign အသွင်ဖြင့် အစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က တနင်္သာရီမြို့နယ်၊ တမုတ်ချုန်း ကျေးရွာအုပ်စု-ရှမ်းအင်းတော်ရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့ တနင်္သာရီမြို့ ကော့သောင်းမြို့အသွား ပြည်ထောင်စုလမ်းမကြီး နေရာတွင် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးနှင့်အဖွဲ့က Mask Campaign ပြုလုပ်ပေးကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးမှ ဦးဆောင်ကြီးကြပ်၍ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများပါသော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်/ဆိုင်ကယ်များဖြင့် ခရီးသွားပြည်သူများ အား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို (အခမဲ့)ဖြန့်ဝေပေးကြပြီး အပြင်သို့ထွက်တိုင်း (Mask)များကို စနစ်တကျ မဖြစ်မနေ ဝတ်ဆင်ကြရေး၊ ခရီးသွားလျှင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ကိုတပါတည်း ယူဆောင်လာရေး၊ ကာကွယ်ဆေးမ,ထိုးနှံရသေးပါက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရေး အသိပညာပေး ပြောကြားကာ Mask Campaign ပြုလုပ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)