“မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်းအဖုံဖုံ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်း အဖုံဖုံ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်းအဖုံဖုံ” စာအုပ်အား စာရေးဆရာမ မေချို (ပျဉ်းမနား)က ကိုယ်တိုင်ဖတ်ကြားခဲ့ပြီး စာရေးဆရာ သဘာဝ၊ စာရေးဆရာ မျိုးလေး (ကသာ)၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)နှင့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်း အရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

မြို့နယ် (ပြန်/ဆက်)