ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ကျွန်းလှ   ဖေဖော်ဝါရီ   ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယနေ့အထိ Phase-6 ပထမအကြိမ် ၁၄၉၆ ဦးနှင့် ဒုတိယအကြိမ် ၈၂၅ ဦး၊ Phase-7 ပထမအကြိမ် ၁၀၀၀ ဦး ထိုးနှံပြီးဖြစ်ကြောင်း၊ နိုင်ငံဝမ်ထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား Booster Dose ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)