ကန်ပိုက်တီ ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စီးကရက်စက်ရုံဟောင်းရှေ့ ကွင်းပြင်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ခမရ(၃၈၁)မှ တပ်ရင်းမှူး မှူးနိုင်လင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကန်ပိုက်တီမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ တပ်ရင်း တပ်ဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲအား ပျော်ပျော်ပါးပါး ကျင်းပခဲ့သည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရိုသည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး တပ်ရင်းမှူး မှူးနိုင်လင်းအောင် က အ-ထ-က (ကန်ပိုက်တီ)မှ ကျောင်းသား/သူများအတွက် ဗလာစာအုပ် ဒါဇင် (၁၀၀) အား ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကန်ပိုက်တီ