တိုက်ကြီး ဖေဖော်ဝါရီ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် သာသနပါလဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက် ၁၈ နှစ်ပြည့် ဒေသခံပြည်သူ (၁၄၄)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၄) ကဒ်အား တိုက်ကြီးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ပြည်သူများ လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)