ညောင်ဦးခရိုင် ငါ့သရောက်မြို့ လူစည်ကားရာနေရာများတွင် လျှပ်စစ်ဓာတ်အားခြွေတာနိုင်သည့် နည်းလမ်းလက်ကမ်းစာစောင်များဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ လူစည်ကားရာ ရပ်ကွက်နှင့်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားခြွေတာ သုံးစွဲနိုင်ရေး နည်းလမ်းများဖော်ပြထားသည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။