ဝက်လက် ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဗီနိုင်းများကို မြို့၏ လူစည်ကားရာနေရာများတွင် ဖေဖော်ဝါရီလ ၁၈ရက်က လိုက်လံ၍ ချိတ်ဆွဲနေကြကြောင်း သိရသည်။
အဆိုပါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းတွင် ကိုဗစ်ရောဂါ မဖြစ်ပွားဖို့ ဒီ ( ၄ ) ချက်ကို လုပ်ဆောင်ကြစို့ ( ၁ ) ကာကွယ်ဆေး ထိုးခြင်း ( ၂ ) Mask တပ်ခြင်း ( ၃ ) လက်ဆေးခြင်း ( ၄ ) ခပ်ခွာခွာနေခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အသိပညာပေး ဗီနိုင်းများ လိုက်လံ၍ ချိတ်ဆွဲရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းပါဝင် လုပ်ဆောင်ကြကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)