မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကာ​ကွယ်​ရေးအသိပညာ​ပေးခြင်းနှင့် Mask Campaign ပြုလုပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ် (၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ​ခေမာရာမ ကျိုင်းတုံ​ကျောင်းတိုက် အတွင်း ယမန်​နေ့နံနက် ၉း၃၀နာရီအချိန်က ကိုဗစ်-၁၉​​ရောဂါကာကွယ်ဆေး SputnikLight တကြိမ်တည်း ဆေးထိုးရန်လာ​ရောက်သည့် မိဘပြည်သူများသို့ ကိုဗစ်-၁၉​ရောဂါကာ​ကွယ်​ရေးအသိပညာ​ပေးခြင်းနှင့်Mask Campign ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နှင့် ဖီမော်ဒေသတို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မိုင်းဖြတ်၌ ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ယမန်​နေ့ည​နေက နမ့်ကုန်းကျေးရွာနှင့် နမ့်လန်းကျေးရွာများသို့ Hand Speakerဖြင့် အသိပညာပေး နှိုး​ဆော်ခဲ့သည်။

တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင် သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask )များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား စစ်ဆေးအရေးယူ ခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအ နေဖြင့် ကူးစက်ပြန့်ပွားလာပြီးဖြစ်သော ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campagin ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း နှင့် အသံချဲ့စက်တို့ဖြင့် အသိပညာပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ယနေ့နံနက် ၈ နာရီအချိန်မှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို ကော့ကရိတ် မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး Mask Campaign ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံနေရာများတွင် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူး‌ပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန် မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းသား/ ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ရုံးဝန်ထမ်းအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နောင်ချိုမြို့နယ် သုံးဆယ်ကျေးလက်ဈေးတွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးလက်စျေးတွင် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။
Subscribe to