ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက်  လိုက်နာရမည့်စည်းကမ်းချက်များ အသိ​ပေးကြေညာ

ရေတာရှည် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်အတွင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အသိ​ပေးထုတ်ပြန်သည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ည​နေပိုင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်ကြေညာဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးကြေညာချက်တွင် ကိုဗစ်-၁၉ ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဗီဇ​ပြောင်း အိုမီခရွန်အမည်ဖြင့် ကူးစက်ပြန့်ပွားနေပြီဖြစ်ရာ ရေတာရှည်မြို့နယ်အတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ ပြန်လည်တွေ့ရှိလာပြီဖြစ်၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် ပြည်သူများအနေဖြင့် အရေးကြီးအကြောင်း တစ်စုံတစ်ရာမရှိဘဲ နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်းမပြုလုပ်ရန်နှင့် မဖြစ်မနေသွားလာရန် လိုအပ်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်။ လူစုလူဝေးပြုလုပ်ခြင်းအား တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်။ မြို့အတွင်း ကုန်မာ/ ကုန်ခြောက် ရောင်းချသည့်ဆိုင်များအနေဖြင့် ဈေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေ အကွာစီထားပေးပြီးမှသာ ဈေးဝယ်ယူစေရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဈေးရောင်း ချသူများကိုယ်တိုင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)Faceshield တို့ကို စနစ်တကျဝတ်ဆင်၍ ရောင်းချရန်။ စည်ပင်သာယာဈေးများအတွင်း ရောင်းချသည့် ဈေးသည်များအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)Faceshield နှစ်မျိုးလုံး တပ်ဆင်ပြီးမှသာ ရောင်းချရန်။ မြို့အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လမ်းဘေးဆိုင် ထိုင်ရောင်းချသည့် ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ရောင်းချသွားရန်။ အများပြည်သူများအနေဖြင့် အနံ့ပျောက်ခြင်း၊ ဖျားန၁ခြင်း၊ ချောင်းဆိုး ခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများခံစားရပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး(သို့မဟုတ်) ကျန်းမာရေးဌာနသို့ ဆက်သွယ်သတင်းပို့၍ ကျန်းမာရေး စစ်ဆေးမှုခံယူရန်။ ကျန်းမာရေးသုံးပစ္စည်းများ ရောင်းချသည့်ဆိုင်/ပုဂ္ဂိုလ်များအနေ ဖြင့် ဈေးတင်ရောင်းချခြင်းမျိုး၊လုံးဝ(လုံးဝ) မပြုလုပ်ရန်။စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်သူများအနေ ဖြင့် (Mask) တပ်ဆင်ရန်၊ အစားအသောက်များ စုဖွဲ့စားသောက်ခြင်းမျိုး မပြုလုပ်ရန်နှင့် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံသွားရန်။ မြို့အဝင်ဂိတ်များတွင် ဝင်ရောက်လာသူများအနေဖြင့် တာဝန်ရှိသူများမှ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ခရီးသွားရာဇဝင်များ စိစစ်မေးမြန်းမှုအား ကြည်ဖြူစွာလက်ခံသွားရန် အသိ​ပေး​ကြေညာခဲ့​သည်။

အထက်ပါစည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)