ငါ့သရောက် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ လူစည်ကားရာ ရပ်ကွက်နှင့်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားခြွေတာ သုံးစွဲနိုင်ရေး နည်းလမ်းများဖော်ပြထားသည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့လျှပ်စစ် မန်နေဂျာ ဦးဝေဖြိုးကျော်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အားခြွေတာသုံးစွဲနိုင်ရေးအတွက် ငါ့သရောက်မြို့ လူစည်ကားရာ ဗိုလ်ချိုဈေး၊ လျှပ်စစ်ဆိုင်များ၊ ဈေးဆိုင်ခန်း များနှင့် ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားခြွေတာနိုင်ရေး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ လျှပ်စစ်ခြွေတာနိုင်ရေး လက်ကမ်းစာစောင်ပါ အချက်များတွင် နားထောင်သူမရှိသည့် အခွေဖွင့်စက်သုံး၍ တီဗီဖြင့်သီချင်းခွေများ အချိန်ပြည့်ဖွင့်ထား ခြင်းကို ဆင်ခြင်ခြင်း၊ လေအေးပေးစက်၏ လေစစ်ဇကာနှင့်ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်း ခြင်းဖြင့် အအေးဓာတ်အပြည့်ရအောင်ဆောင်ရွက်ခြင်း၊ ပြင်ပအလင်းရောင်ကိုအသုံးချခြင်း၊ မလိုအပ်သော အိမ်သုံးလျှပ်စစ်များကို လျှော့ချခြင်း၊ ရိုးရိုးမီးလုံးမီးချောင်းထက် Energy Saving Lamp ကိုရွေး ချယ်အသုံးပြုခြင်း၊ Energy Saving Lamp ထက် LED မီးချောင်းများကို ရွေးချယ်အသုံးပြုခြင်း၊ အိမ်အပြင်ဘက်၌ ထွန်းထားသောလျှပ်စစ်မီးများ နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထား ခြင်း၊ Hot Plae သုံး၍ရေနွေးအိုးတည်ပါက ရေနွေးဆူမှတ်ထက်အချိန်ကျော်လွန်မှ လူကမီးခလုတ်ကိုပိတ်နိုင်၍ လျှပ်စစ် အသုံးပိုစေခြင်း၊ ရေဆူမှတ်ရောက်သည်နှင့် ခလုတ်ကို အလိုအလျောက်ပိတ်စေသော ရေနွေခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ခြွေတာသင့်ခြင်းစသည့် အကြောင်းအရာများ လက်ကမ်းစာစောင်တွင် ထည့်သွင်းဖော်ပြထားပြီး လျှပ်စစ်သုံးစွဲသူ မိဘပြည်သူ များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ငါ့သရောက်မြို့၊ မြို့လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံက သိရသည်။
ကိုထိန်၊KPD
ညောင်ဦးခရိုင် (ပြန်/ဆက်)