ပလောက် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၊ နံနက်(၉)နာရီ အချိန်ခန့်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း တို့ကိုပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်