ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းမျိုးကွဲသစ် (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ပုသိမ်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြားမလာစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ပိုးတွေ့သူများ ထားရှိရန် ကွာရတင်းစင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မသန်စွမ်းသူများဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်များ စားသုံးဆီဈေးမြင့်တက်လာမှုကြောင့် ပဲကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများလည်ပတ်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဈေးမြင့်မားလာမှုကြောင့် ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ ဆီစက်လုပ်ငန်းများ လည်ပတ်လျက်ရှိနေကြပြီး၊ ယခင်နှစ်များထက် ကုန်ကြမ်းအဝင် ပိုမိုများပြားခဲ့ပြီး၊ လျှပ်စစ်မီးရရှိမှုအပေါ် မူတည်၍ နေ့ဆိုင်း/ညဆိုင်းဖြင့် လုပ်ငန်း လည်ပတ်နေရကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

မိုင်းပန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြို့၌ ကိုဗစ်-၁၉ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-7 ကိုချပြရှင်းလင်းပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-7 ကို ချပြရှင်းလင်းပွဲတစ်ရပ်ကို မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကံမမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းအားမြေသားလမ်းအဖြစ်မှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင် ကံမမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂) ရပ်ကွက်ရှိ စံပယ်လမ်းအား မြေသားလမ်းအဖြစ်မှ ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါမန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဆောင်သစ်အား တည်ဆောက်လျက်ရှိရာ ယနေ့ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to