ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ဝါသနာတူကလပ်အသင်းများ စုစည်းပြီး စာရေးသူ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် မိသားစုပုံမှန်ဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက် ပျိုးလျက်ရှိရာ တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ် ရွှေကြို့ပင်ကျေးရွာ ပန်းစိုက်တောင်သူများ၏ မိသားစုတစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးမှု၊ စိုက်ပျိုးစရိတ်ခက်ခဲသော်လည်း ဈေးကွက်သို့ရောင်းချမှု အဆင်ပြေလျက်ရှိ

ပြည်မြို့နယ် ရွှေကြို့ပင်ကျေးရွာ ပန်းစိုက်တောင်သူများ၏ မိသားစုတစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးမှု၊ စိုက်ပျိုးစရိတ်ခက်ခဲသော်လည်း ဈေးကွက်သို့ရောင်းချမှု အဆင်ပြေလျက်ရှိ ပြည် ဖေဖော်ဝါရီ ၂၂ ကိုဆက်(ပြန်/ဆက်)

ဇီးကုန်းမြို့နယ်၌ စားသုံးသူရေးရာအသိပညာပေး TALK SHOW စီစဉ်ဆောင်ရွက်

ဇီးကုန်းမြို့နယ်၌ စားသုံးသူရေးရာအသိပညာပေး TALK SHOW စီစဉ်ဆောင်ရွက် ဇီးကုန်း ဖေဖော်ဝါရီ ၂၂ တင့်ဆွေ

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။

မြစ်သားမြို့နယ်၌ နှာခေါင်းစည်း Mask တပ်ဆင်စေရေး အသိပညာပေးခြင်း Mask Campaign အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်စေရေး အသိပညာပေးခြင်း Mask Campaign အရှိန်အဟုန်မြှင့်စစ်ဆေး ခြင်းကို ယနေ့နံနက် (၈)နာရီက ဗိုလ်ချုပ်လမ်း လူစည်ကားရာနေရာများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုက်တန်းရှေ့၊ ရွှေသမင်စက်သုံးဆီဆိုင်ရှေ့၊ သံလမ်းဆုံနေရာနှင့်အခွန်လွတ် စျေးနေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သဲကုန်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to