မြို့သစ် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့် ပြုရန်ပုံငွေဖြင့် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်၊ မြမဉ္စူလမ်းရေနုတ်မြောင်းတူးဖော်ခြင်းနှင့် အုတ်ရေမြောင်း အရှည်(၇၆၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ပေကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၁၂ ဒသမ ၁) ကျပ်သန်းဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းများ တူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်းခင်းခြင်း၊ ပြုပြင်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)