ဟင်္သာတမြို့နယ်တွင်းရှိ မော်တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမူရှိစေရေး ရှောင်တခင်စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ၊ အဝေးပြေးခရီးသည်တင် ကားများ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ စနစ်တကျ လိုက်နာရေး၊ ယာဉ်များပေါ်တွင် အမိုက်များ စနစ်တကျ စွန့်ပစ်ရေး အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခဲ့သည်။